(၂၀၁၉-၂၀၂၀)ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေးအဏုစိတ်စီမံချက် ရေးဆွဲနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်မြို့                      နိုဝင်ဘာလ(၆)ရက်

     (၂၀၁၉-၂၀၂၀)ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေးအဏုစိတ် စီမံချက်ရေးဆွဲနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၆.၁၁.၂၀၁၈)ရက်နေ့၊ အင်္ဂါနေ့ နံနက် (၁၀)နာရီတွင် ကျင်းပခဲ့ပါသည်။


 

     အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးကိုယ်စား ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေါ်ခင်မာဆွေ (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး)နှင့် ဒေါက်တာစန္ဒာ (ညွှန်ကြားရေးမှူး၊ ကျောင်းကျန်းမာရေးဌာနခွဲ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန) တို့က (၂၀၁၉-၂၀၂၀)ပညာသင်နှစ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ ကြပါသည်။ တက်ရောက်လာသူများမှလည်း မြို့နယ်ပညာရေးမှူးများနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများ ပါဝင်သော ကျောင်းကျန်းမာရေးအဏုစိတ်စီမံချက်ကို အကောင် အထည်ဖော်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါအစည်းအဝေးသို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး ကျောင်းကျန်းမာရေးတာဝန်ခံတို့နှင့် UNICEF, Burnet, FHI အစရှိသည့် NGO များမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း (၂၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags