(၂၀၁၉-၂၀၂၀) ပညာသင်နှစ် ချင်းပြည်နယ် ကျောင်းကျန်းမာရေးရက်သတ္တပတ် အခမ်းအနား ကျင်းပ

ဟားခါးမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်

     ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် အ.ထ.က (၁) မင်းတပ်မြို့၌ ချင်းပြည်နယ် ကျောင်းကျန်းမာရေးရက်သတ္တပတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး တို့နှင့်အတူ ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး၊ ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူး၊ ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှူး၊ မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ပါသည်။

 

     အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ၊ ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်တို့က ကျောင်းကျန်းမာရေးလုပ်ငန်း ကဏ္ဍရပ်များနှင့် ပတ်သက်၍ အမှာစကားပြောကြားပါသည်။ ထို့နောက် ကျောင်းသား/သူများမှ တေးသရုပ်ဖော် တင်ဆက်ခြင်း၊ အေးရိုဗစ်အားကစား သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကျောင်းကျန်းမာရေးရက်သတ္တပတ် အထိမ်းအမှတ် ထက်/လယ်/မူအဆင့် စာစီစာကုံးပြိုင်ပွဲများ၌ ဆုရရှိသူများ၊ ထက်/လယ်အဆင့် ပန်းချီပြိုင်ပွဲ၌ ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ကြပါသည်။ တစ်ဆက်တည်းမှာပင် အားကစားပစ္စည်းများပေးအပ်လှူဒါန်းရာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးမှ ပေးအပ်ပြီး ပညာရေးဌာနမှ လက်ခံရယူပါသည်။

 

     ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ကျောင်းကျန်းမာရေးပြခန်း များ၊ ဆုရပန်းချီ/စာစီစာကုံးများကို လှည့်လည်ကြည့်ရှုအားပေးကြပါသည်။ ထို့နောက် ကျောင်းသူ/ သားများအား သန်ချဆေးတိုက်ကျွေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။

More Tags