(၂၀၁၉)ခုနှစ်၊ ကမ္ဘာ့ခုခံအား ကျဆင်းမူကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား မကွေးမြို့တွင် ကျင်းပ

မကွေးမြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်

     ကမ္ဘာ့ခုခံအားကျဆင်းမူ ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (၂၀၁၉) မကွေးတိုင်းဒေသကြီးအဆင့် အခမ်းအနားကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ပါသည်။

 

     အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမူ ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်တဲ့ “Communities make the difference” “အေအိုင်ဒီအက်စ် ရောဂါကင်းဝေးရေး လူထုအားလုံး ပါဝင်ပေး” နဲ့အညီ အိပ်ချ်အိုင်ဗွီ ကူးစက်မူ တားဆီးကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာသက်တူရွယ်တူ ကျန်းမာရေး စောင့်ရှောက်မူပေးသူတွေ၊ ဦးတည်အုပ်စုဝင်တွေ၊ အမျိူးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ လူငယ်တွေ၊ လူထုကျန်းမာရေးလုပ်သားတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ အိပ်ချ်အိုင်ဗွီ အရေး တက်ကြွလှုပ်ရှားသူတွေ အစရှိတဲ့ ပြည်သူလူထုအားလုံး ပါဝင်ပြီး အိပ်ချ်အိုင်ဗွီ ကူးစက်မူ တားဆီးကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ကမ္ဘာ့ခုခံအားကျဆင်းမူ ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲမှ ဆုရရှိသူ အထက်တန်း၊ အလယ်တန်း၊ မူလတန်း တို့မှ ကျောင်သား/သူများကို ဆုများအသီးသီး ချီးမြှင့်ခဲ့ပါသည်။

 

     အခမ်းအနားသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်၊ ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူး၊ ဒုတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မကွေးတိုင်းဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များ၊ မိခင်နှင့်ကလေးမှတာဝန်ရှိသူများ၊ သူနာပြုဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ကြသည်။

More Tags