၂၀၁၈ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်

မြစ်ကြီးနား ၊ အောက်တိုဘာ (၁၁)ရက်

     ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့၊ နံနက်(၉း၀၀)နာရီတွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၁၈ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနော်ရှဲလ်ထာက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီး၏မိန့်ခွန်းအား ဖတ်ကြားခဲ့ပါသည်။

 

     ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ခဲ့ပါသည်။

More Tags