၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် ပဲခူးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါဖွင့်ပွဲအခမ်းအနား

ပဲခူးမြို့၊ ဇန်နဝါရီ (၁၁)ရက်

     ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် ပဲခူးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါဖွင့်ပွဲ အခမ်းအနားကို (၁၁.၁.၂၀၁၉)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီတွင် ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

     အခမ်းအနားတွင် တင်ဒါစိစစ်ရေးကော်မတီဥက္ကဌ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး၊ တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာအေးငြိမ်းမှ အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ တင်ဒါတင်သွင်းသော ကုမ္ပဏီ (၃၂)ခုနှင့် ကုသရေးဦးစီးဌာနသို့ တင်ဒါတင်သွင်းသော ကုမ္ပဏီ(၈၆)ခုတို့၏ Envelope (A) ဖွင့်ဖောက် စစ်ဆေးခြင်းကို ပြုလုပ်ခဲ့ပါသည်။

 

     အခမ်းအနားကို အစီအစဉ်(၅)ရပ်ဖြင့် ကျင်းပပြုလုပ်ပြီး တင်ဒါ ကော်မတီဝင် (၁၁)ဦးနှင့်အတူ တင်ဒါတင်သွင်းသောကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ညနေ(၃:၃၀)နာရီတွင် ဖွင့်ပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။

More Tags