(၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်းများ တင်ဒါဖွင့်ဖောက်မှု ဆောင်ရွက်ခြင်း

လွိုင်ကော်မြို့                             ဇန်နဝါရီလ (၂၀) ရက်

      ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်ကုသရေးဦးစီးဌာနတို့၏ (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျန်းမာရေးဌာန အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းများကို လွိုင်ကော်မြို့နယ်၊ မြို့နယ်ခန်းမတွင် (၂၀-၁-၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် စတင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

     အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးနှင့် တင်ဒါစိစစ်လက်ခံရေးကော်မတီ အဖွဲ့ဝင်များ၊ တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags