(၂၀၁၈) ခုနှစ် ကိုယ်ဝန်ဆောင်မိခင်မှသန္ဓေသားသို့ အိပ်အိုင်ဗီပိုးကူးစက်ခြင်းအန္တရာယ်မှ ကာကွယ် တားဆီးခြင်း စီမံချက် ဆန်းစစ်ဆွေးနွေးပွဲ စစ်တွေမြို့၌ ကျင်းပပြုလုပ်

စစ်တွေမြို့၊ မေလ (၂၁) ရက်

     ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းမှ (၂၀၁၈) ခုနှစ် ကိုယ်ဝန်ဆောင်မိခင်မှသန္ဓေသားသို့ အိပ်အိုင်ဗီပိုးကူးစက်ခြင်း အန္တရာယ်မှ ကာကွယ်တားဆီးခြင်း စီမံချက် ဆန်းစစ်ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မေလ (၂၁) ရက်နေ့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်ထွေး၊ ကျန်းမာ‌ရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကြည်လွင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

     အဆိုပါ ဆန်းစစ်ဆွေးနွေးပွဲကို (၂၁.၅.၂၀၁၉) ရက်နေ့မှ (၂၂.၅.၂၀၁၉) ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ခရိုင်၊ မြို့နယ်များမှ ခရိုင်၊မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးလုပ်ငန်းမှ တာဝန်ခံများ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

More Tags