၂၀၁၈ ခုနှစ် ကွမ်းယာနှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှု ထိန်းချုပ်ရေးအတွက် လူထုလှုံ့ဆော်လှုပ်ရှားပွဲကျင်းပခြင်း

ပဲခူးမြို့၊ အောက်တိုဘာ (၁၂)ရက်

     ၂၀၁၈-ခုနှစ် ကွမ်းယာနှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှု ထိန်းချုပ်ရေးအတွက် မီဒီယာမှ တစ်ဆင့်လူထုလှုံ့ဆော်လှုပ်ရှားပွဲအရ ပဲခူးမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ခေတ္တမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်ရှိန်းနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအဖွဲ့သည် ပဲခူးမြို့နယ်အတွင်းရှိ လူစည်ကားသောနေရာများ၊ အဝေးပြေးကားဂိတ်များ၊ ကုန်စည်ပြပွဲများနှင့် မီးပွိုင့်လမ်းဆုံများ၊ ကွမ်းယာဆိုင်များတွင် ပညာပေးစတစ်ကာများကပ်ခြင်း၊ ကွမ်းယာဆိုင်များနှင့် ပြည်သူလူထုများအား ပညာပေးခြင်းတို့ကို (၁၂-၁၀-၂၀၁၈)ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။

 

     ထို့ပြင် ဒေသန္တရကျန်းမာရေးဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ စာသင်ကျောင်းများ၊ ဘူတာရုံများတွင် သတ်မှတ်ထားသည့် (၁၀-၁၀-၂၀၁၈) မှ ရက်သတ္တပတ်(၆)ပတ်အတွင်း ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အလားတူ လုပ်ဆောင်မှုများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျန်မြို့နယ်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

More Tags