(၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ကျန်းမာရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် စောင့်ရှောက်မှုပေးနေခြင်းအား နေပြည်တော်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါက်တာမြတ်ဝဏ္ဏစိုး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ (၉)ရက်

     (၈.၁၂.၂၀၁၈)ရက်နေ့နှင့်(၉.၁၂.၂၀၁၈)ရက်နေ့များတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကူးစက် ရောဂါကာကွယ်နှိမ်နင်းရေးနှင့် Daily Fever Surveillance ပြုလုပ်ခြင်း၊ Hotel များ တွင် FDA နှင့်ပူးပေါင်း၍ Food Sample များကောက်ယူခြင်း၊ စားဖိုဆောင်စစ်ဆေးခြင်း၊ အမှိုက်ပုံးတိုင်း အဖုံးဖုံးအုပ်ရန်၊ စနစ်တကျစွန့်ပစ်ရန်၊ ယင်နှင့် ဖုံလုံစေရန်အတွက် ဆောင်ရွက်ရန်များ မှာကြားခြင်း၊ မီးဖိုဆောင်သန့်ရှင်းမှုရှိစေရန် မှာကြားခဲ့ပါသည်။

 

     ထို့နောက်Expired ဖြစ်နေသော Food additives မသုံးရန် ၊ Horizontal Lake View Resort ဆေးခန်းဖွင့်လှစ်ထားကြောင်း နှင့် ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာဖြစ်ပါက အမြန်ဆုံး သတင်းပို့ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး နေပြည်တော်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး နှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်၍ အရေးပေါ်ဆေးကုသမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

  

  

 

 

More Tags