ဧရာ၀တီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် Multiplier Training on DHIS 2 ကျင်းပပြုလုပ်

ပုသိမ်မြို့၊ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၂၇)ရက်

     ဧရာ၀တီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၂၇-၁-၂၀၂၀) ရက်နေ့မှ (၃၀-၁-၂၀၂၀)ရက်နေ့အထိ Multiplier Training on DHIS 2 ကို ကျင်းပ ပြုလုပ်ခဲ့ရာ (၂၇-၁-၂၀၂၀)ရက်နေ့နံနက်ပိုင်း၌ အဆိုပါ အခမ်းအနား ဖွင့်ပွဲသို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


     အခမ်းအနားသို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာများနှင့် မြို့နယ်များမှ သင်တန်းတာ၀န်ခံများ တက်ရောက်ခဲ့ကြပါသည်။

More Tags