ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး) ဧရာဝတီတိုင်းဒေသကြီးအတွင်း ကွင်းဆင်းကြီးကြပ်

ပုသိမ်၊ ဇန်နဝါရီ (၂၁) ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး) ဒေါက်တာသန်းထွန်းအောင် သည် ယနေ့ နံနက် (၉)နာရီက ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်း အတွက် လမ်းညွှန်အမှာစကား ပြောကြားပါသည်။ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်ထွေး နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြတ်မင်းထွန်းတို့ မှ လုပ်ငန်းစီမံချက်များအတိုင်း စီစဉ်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြ ပါသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ် မှ လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဖြည့်စွက် မှာကြားပါသည်။

 

     ဆက်လက်၍ ပုသိမ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ရောက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝင်းအောင် နှင့် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်း စီစဉ်ထားမှု အခြေအနေများကို စစ်ဆေးပါသည်။ ယနေ့နေ့လည်ပိုင်းတွင် ဟင်္သာတမြို့သို့ရောက်ရှိပြီး မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ နှင့်တွေ့ဆုံပြီး စီမံချက် အကြို ပြင်ဆင်ထားမှု အခြေအနေကို ကြည့်ရှု့ စစ်ဆေးပါသည်။ ဆက်လက်၍ ဟင်္သာတမြို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေး သင်တန်းကျောင်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags