ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ပေါ်ရှိရပ်ကွက်(၂)ခုအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်

ဟင်္သာတ၊ မေလ(၂၄)ရက်

     ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ပေါ်ရှိ တာကလေးနှင့် ကနောင်စုရပ်ကွက်(၂)ခုအား    ရပ်ကွက်လုံးကျွတ် ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ (၁၇-၅-၂၀၁၉) ရက်နေ့၌ တာကလေး(၁)အား လည်းကောင်း၊ (၂၀-၅-၂၀၁၉)ရက်နေ့တွင် တာကလေး(၂) အားလည်းကောင်း၊ (၂၂-၅-၂၀၁၉) ရက်နေ့တွင် ကနောင်စု (၁)အားလည်းကောင်း၊ (၂၄-၅-၂၀၁၉) ရက်နေ့တွင် ကနောင်စု(၂)အားလည်းကောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ၀န်ထမ်းများနှင့် ကျန်းမာရေးကြီးကြပ်((၂)များပါ၀င်ပြီး အိမ်ခြေပေါင်း (၄၅၀၀)အိမ်ကို ပိုးလောက်လန်း ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

 

More Tags