ဧရာဝတီတိုင်းဒေသကြီး သူနာပြုနှင့်သားဖွားအသင်း အဆောက်အဦဆောက်လုပ်မည့်မြေနေရာ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ပုသိမ်၊ မတ်လ( ၁၂)ရက်

     ဧရာဝတီတိုင်းဒေသကြီး သူနာပြုနှင့်သားဖွားအသင်း အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာ ဖြစ်သော ပုသိမ်မြို့၊ မြို့ချောင်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက  ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပခဲ့ပါသည်။ အခမ်းအနား သို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်၊ ပုသိမ်မြို့အထွေထွေ ရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ မျိုးသန့် ၊ လက်ထောက်ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်စန်းစန်းတင် နှင့် သူနာပြု ဆရာမကြီး များ တက်ရောက်ကြပါသည်။ နံနက် (၁၀:၀၀)နာရီတွင် သတ်မှတ်ထားသော နေရာများတွင် ပန္နက်ရိုက် ပေးကြပြီး အမွှေးနံ့သာများဖြင့် ပက်ဖျန်းခဲ့ပါသည်။

 

More Tags