ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်ခရိုင်တိုက်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်

လပွတ္တာ၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်

     ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်ခရိုင်တိုက်နယ်တွင် (၁၆-၈-၂၀၁၉) ရက်နေ့၌ တိုက်နယ်ဆရာ၀န် ဒေါက်တာအေးသီတာဝင်း ဦးဆောင်၍ ပြည်သူလူထုအား သွေးလွန်တုပ်ကွေးရောဂါ ပညာပေး ဟောပြောခြင်း၊ ရပ်ကွက်အတွင်းသို့ ကွင်းဆင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။

 

More Tags