ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကျိုက်လတ်ဆေးရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဖျာပုံ၊၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၁)ရက်

     ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်သည် (၂၁-၁၀-၂၀၁၉)ရက်နေ့တွင် ဖျာပုံခရိုင် ကျိုက်လတ် ဆေးရုံသို့ သွားရောက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုးချဲ့နှစ်ထပ်လူနာဆောင် ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝက်သက်၊ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကြိုတင်ပြင်ဆင် ထားမှုများကို မေးမြန်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ပါသည်။

 

More Tags