ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဆေးလိပ်၊ ကွမ်းယာနှင့် မူးယစ်ဆေး ကင်းစင်သော မျိုးဆက်သစ် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ပုသိမ်၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်

     ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၁၆-၈-၂၀၁၉) ရက်နေ့၌ ဆေးလိပ်၊ ကွမ်းယာနှင့် မူးယစ်ဆေး ကင်းစင်သော မျိုးဆက်သစ် အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

 

     ထို့နောက် ပါမောက္ခ ဒေါက်တာနေစိုးအောင်က ဆေးလိပ်၊ ကွမ်းယာနှင့် မူးယစ်ဆေး ကင်းစင်သော မျိုးဆက်သစ် ဖြစ်ပေါ်လာရေး ပညာပေး ဆွေးနွေးခြင်း၊ လူငယ်ရေးရာကော်မတီ၏ တာဝန်ရှိသူတစ်ဦးမှ ဟောပြောပွဲ ပြုလုပ်ခြင်းနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအား ဆွေးနွေးပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မိတ်ဆက်အဖွဲ့အစည်းအများ တက်ရောက်ခဲ့ကြပါသည်။

 

More Tags