ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်မှု (Primary Eye Care) ဆရာဖြစ် သင်တန်း ကျင်းပပြုလုပ်

ပုသိမ်၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်

     ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂၀-၈-၂၀၁၉) ရက်နေ့၌ ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်မှု (Primary Eye Care) ဆရာဖြစ် သင်တန်းကို ကျင်းပ ပြုလုပ်ခဲ့ရာ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟအောင် က အဖွင့်အမှာစကား ပြောကြားပါသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မျက်ခမ်းစပ် တိုက်ဖျက်ရေးနှင့် မျက်မမြင် ကာကွယ်ရေးစီမံကိန်းမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်မျိုးဝင်း က ပဏာမမျက်စိ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ စာတွေ့၊ လက်တွေ့ ရှင်းလင်းပို့ချခဲ့ပါသည်။

 

     အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သင်တန်းသား (၉) ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ သင်တန်းသား (၇၁) ဦး၊ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်ကြာမြင့်ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင်လည်း အခြေခံကျန်းမာရေးဝန်ထမ်းများအား ဆင့်ပွားသင်တန်းပို့ချခြင်းများ ပြုလုပ်မည် ဖြစ်ပါသည်။

More Tags