ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် 2019 Novel Coronavirus (2019-nCoV) အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပုသိမ်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်

     ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂၈-၁-၂၀၂၀) ရက်နေ့ နေ့လယ်ပိုင်း၌ တရုတ်နိုင်ငံ ဝူဟန်မြို့နှင့် နိုင်ငံအချို့တွင် ဖြစ်ပွားလျှက်ရှိသော 2019 Novel Coronavirus (2019-nCoV) ရောဂါ ကူးစက်ပျံ့ပွားလာမှုအား ကြိုတင်ကာကွယ်ရေးနှင့် ရောဂါဖြစ်ပွားလာပါက ကုသရေးအတွက် ပြင်ဆင်နိုင်ရန် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က မိမိတို့မြို့နယ်အနေဖြင့် အဆိုပါရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ထားရမည်ဖြစ်ကြောင်း၊ လူစည်ကားရာနေရာများ၊ အပန်းဖြေနေရာများ၊ တည်းခိုသည့်နေရာများ၊ ကမ်းခြေများအား အထူးအလေးထား၍ ကျန်းမာရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ  ထုတ်ပြန်ချက်များအား အချိန်နှင့်တပြေးညီ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထူးခြားမှုရှိပါက တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ ရမည်ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ခရိုင်/မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးများ၊ Lab Technician များ  ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဦးစီးဌာနမှ တာ၀န်ရှိသူများ၊ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

More Tags