ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတွင် World Patient Safety Day အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ပုသိမ်၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၁၇) ရက်

     ဧရာ၀တီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၁၇-၉-၂၀၁၉ ရက်နေ့တွင် World Patient Safety Day အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆေးရုံ အုပ်ကြီးများ ၊ အထူးကုဆရာဝန်ကြီးများ ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မြန်မာနိုင်ငံဆရာဝန်အသင်း ပုသိမ်မှ ဆရာဝန်များ ၊ ပုဂ္ဂလိက ဆေးရုံများမှ ဆေးရုံအုပ်နှင့် ဆရာဝန်များ၊ သူနာပြု သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာမများ သင်တန်းသူများ စုစုပေါင်း (၁၂၂) ဦး တက်ရောက်ခဲ့ကြပါသည်။

 

     အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က World Patient Safety Day ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်း ၊ ပုသိမ်မြို့အထွေထွေရောဂါကုဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်က World Patient Safety Day လုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးနိုင် က World Patient Safety Day လုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

 

 

More Tags