အမရပူရမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် Refresher Training on Maternal Health and Family Planning including SC-DMPA သင်တန်းဆောင်ရွက်

အမရပူရမြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်

     တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ Clinton Health Access Initiative နှင့် UNFPA တို့ ပူးပေါင်းဆောင်ရွက်သော Refresher Training on Maternal Health and Family Planning including SC-DMPA သင်တန်းကို အမရပူရမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီတွင် ကျင်းပရာ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာချမ်းငြိမ်းမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ၎င်းသင်တန်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မိခင်သေဆုံးမှုလျော့ချရေးအတွက် မြို့နယ်အခြေခံကျန်းမာရေးဝန်ထမ်းများအား Maternal Death Surveillance and Response Analysis အား ရှင်းလင်းဆွေးနွေးခြင်း၊ Quality AN Care, PPH Managemant စသည့် မိခင်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များ၊ အရေပြားအောက်သားဆက်ခြားထိုးဆေး (SC-DMPA) အပါအဝင် သားဆက်ခြား နည်းလမ်းများအကြောင်းတို့အား ရှင်းလင်းဆွေးနွေး သင်ကြားပေးခဲ့ပါသည်။

     သင်တန်းတွင် သင်တန်းဆရာများအဖြစ် မန္တလေးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာခင်မျိုးနိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်ဦးနှင့် Clinton Health Access Initiative မှ ဒေါက်တာသန့်သန့်စင်တို့မှ သင်ကြားပေးခဲ့ပြီး မြိုန့ယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဆရာမကြီးများ၊ အမျိုးသမီးကျန်းမာရေး ဆရာမများ၊ သားဖွားဆရာမများ စုစုပေါင်း (၄ရ) ဦးနှင့် အရံသားဖွားဆရာမများ (၁၇) တက်ရောက်သင်ကြားခဲ့ပါသည်။

More Tags