ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားတွင် Access to Health Fund ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပ

ရမိုင်းလား၊ မတ်လ(၁၈)ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ (၄) မိုင်းလားတွင် Access to Health Fund ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးညှိနှိုင်းအစည်းအဝေးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၈.၃.၂၀၁၉) နေ့ရက်က မိုင်းလားမြို့ရှိ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Health Poverty Action ၏ အစည်းအပေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တီဘီ၊ အိပ်ချ်အိုင်ဗွီ၊ မိခင်ကျန်းမာ၊ ကလေးကျန်းမာ၊ အာဟာရ စသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်နှင့် တာဝန်ခံများ၊ မိုင်းလားမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ မိုင်းယောင်း နှင့်မိုင်းယန်းမြို့နယ်များမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးကိုယ်စား ကျန်းမာရေးမှူးများ၊ အထူးဒေသ (၄) မိုင်းလား၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းမှ ညွှန်ကြားရေးမှူး ဒေါ်ကောင်းလီနှင့် အထူးဒေသ (၄) မိုင်းလား၏ နန်းပန်း၊ ဆီလူးဒေသ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများမှ ကျန်းမာရေးတာဝန်ခံများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Health Poverty Action မှ စီမံချက်မန်နေဂျာ မစ္စတာ ကျန်းရွက်၊ စီမံချက်ညှိနှိုင်းရေးမှူးဒေါက်တာဝင်းကျော်နှင့် အခြားတာဝန်ရှိသူများ တက်ရာက်ကြသည်။


 

    အစည်းအဝေးတွင် အထူးဒေသ (၄) မိုင်းလားဒေသ၌ Access to Health Fund ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းရင်းသား ညီအကိုမောင်နှမများ လက်လှမ်းမီစွာရယူခံစားနိုင်ရေး အတွက် မိတ်ဖက်အဖွဲ့အစည်းများအကြား ပြည်နယ်၊ မြို့နယ်အဆင့်များတွင်သာမက ရပ်ရွာလူထုအကြား လုပ်ငန်း ဆောင်ရွက်ရာ နေရာများအထိ ပူးပေါင်းလက်တွဲဆောင်ရွက်ရေးနှင့် ပူးပေါင်းကွင်းဆင်းခြင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ် များကို ဆွေးနွေးနှီးနှောခဲ့ကြကာ ရှေ့တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များကိုလည်း အတူတကွ ချမှတ်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

More Tags