အထွေထွေရောဂါကုဆေးရုံကြီး လားရှိုးတွင် အသည်းရောင်စီပိုးဝေဒနာရှင်များအား ကုသပေးရေးအတွက် အစည်းအဝေးကျင်းပ

လားရှိုးမြို့၊ (၂၀၁၉)ခုနှစ် ၊ နိုဝင်ဘာ (၁၅) ရက်

     အထွေထွေရောဂါကုဆေးရုံကြီး လားရှိုးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်မှ အမျိုးသားအသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်၏ ကူညီမှုဖြင့် အသည်းရောင်စီပိုးဝေဒနာရှင်များအား ကုသပေးရေးအတွက် ဘုတ်အဖွဲ့အစည်းအဝေးကို (၁၅.၁၁.၂၀၁၉) ရက်နေ့တွင် ဆေးရုံအုပ်ကြီးရုံး၌ ကျင်းပခဲ့ရာ ဘုတ်အဖွဲ့ဝင်များဖြစ်သော ဆေးရုံအုပ်ကြီး၊ သမားတော်ကြီးများ၊ ရောဂါဗေ‌ဒအထူးကုဆရာဝန်၊ သူနာပြုအုပ်၊ ဆေးလူမှုဆက်ဆံရေးမှူး၊ PLHIV အဖွဲ့တာဝန်ခံတို့အပြင် ဆေးဝါးဖက်ဆိုင်ရာ အရာရှိတို့ပါတက်ရောက်၍ ဆေးကုသ‌ရေး ဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပါသည်။ ယခုအပတ်တွင် အသည်းရောင်စီပိုးကူးစက်ခံနေရသောလူနာ (၁၀)ဦးအား စတင်ကုသပေးသွားမည်ဖြစ်ပါသည်။

More Tags