အင်းစိန်မြို့နယ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော ကာကွယ်ဆေး (Penta4) ကို ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံတိုက်ကျွေးခြင်း သင်တန်းကျင်းပပြုလုပ်

ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်

     ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၂၄.၁.၂၀၂၀) ရက်နေ့၌ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သောကာကွယ်ဆေး (Penta4) ကို ပုံမှန်ကာကွယ် ဆေးထိုး/တိုက်အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံတိုက်ကျွေးခြင်းသင်တန်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် အင်းစိန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနော်သန္တာဆွေနှင့် ကျန်းမာရေးမှူး ဒေါ်တင်တင်ခိုင်တို့မှ သင်တန်းပို့ချခဲ့ပါသည်။ သင်တန်းတွင် အင်းစိန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင် (၄၃)ဦး တက်ရောက်ခဲ့ကြပါသည်။

 

More Tags