အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် နှလုံးနှင့် နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်ကုသမှု လုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီး အဆင့်ဆရာ ဖြစ်သင်တန်း (PEN Approach) ကျင်းပပြုလုပ်

ပဲခူး၊၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၉)ရက်        
                                                                                                          
     ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ Famous Hotel ၌ (၂၉.၁၀.၂၀၁၉)ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် နှလုံးနှင့် နှလုံးသွေးကြောရောဂါ မဖြစ်အောင်ကြိုတင် ကာကွယ်ကုသမှု လုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်း (PEN Approach) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင် သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုနောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နံနက်(၉:၄၅)တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။


     သင်တန်းကို ၂၉.၁၀.၂၀၁၉ မှ ၃၁.၁၀.၂၀၁၉ အထိ ပို့ချမည်ဖြစ်ပြီး သင်တန်းဆရာများအဖြစ် နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြလေးနွယ်နှင့်အဖွဲ့၊ ဟော်မုန်းရောဂါအထူးကုဌာန၊ ရန်ကုန်မြို့ ဆေးတက္ကသိုလ်(၂)၊ ဆေးတက္ကသိုလ်(၁) နှလုံးရောဂါကုဌာန၊ ရန်ကုန်မြို့မှ အထူးကုဆရာဝန်ကြီးများမှ ပို့ချမည်ဖြစ်ပါသည်။    ဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်၊ မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ HelpAge International အဖွဲ့မှတာဝန်ရှိသူများ၊ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးများနှင့် သင်တန်းသားများ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။

More Tags