အောင်လံမြို့နယ်တွင် လက်တလောအာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာကုထုံး မြို့နယ်အဆင့်သင်တန်း ကျင်းပ

အောင်လံမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်

     လက်တလောအာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာကုထုံး မြို့နယ်အဆင့်သင်တန်းကို မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် (၁၃-၁၁-၂၀၁၉) ရက်နေ့တွင် စတင်ကျင်းပရာ အောင်လံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးလွင်မှ အဖွင့်အမှာစကားပြောကြားရာတွင် အာဟာရဖွံ့ဖြိုးရေးသည် တိုင်းပြည်တည်ဆောက်ရာတွင်အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အသက် (၆) လမှ (၅၉) လအတွင်းရှိကလေး (၄) ယောက်လျှင် (၁) ယောက်ခန့်နာတာရှည်အာဟာရချို့တဲ့မှုကြောင့်ဖြစ်သော အရပ်ပုခြင်းဖြစ်ပွားနေပြီး၊ အာဟာရချို့တဲ့ခြင်းကြောင့် အခြားရောဂါများကိုပိုမိုဆိုးရွားစေပြီး သေနှုန်းများပိုမိုမြင့်တက်လာနိုင်ပါကြောင်း ပြောကြားခဲ့ပြီး ယခုသင်တန်းတွင် သင်ကြားမည်များကို အထူးဂရုစိုက်သင်ကြားကြပါရန် မှာကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို ၁၃-၁၁-၂၀၁၉ မှ ၁၈-၁၁-၂၀၁၉ ရက်နေ့အထိ (၃) ရက်လျှင်တစ်သုတ်ဖြင့် အောင်လံမြို့နယ်အတွင်းရှိ မြို့နယ်၊ တိုက်နယ် ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများနှင့် အခြေခံကျန်းမာရေးပညာရှင်များအားလုံးကို ပို့ချသွားမည်ဖြစ်ပါသည်။

More Tags