ဟင်္သာတမြို့၊ ဇူလိုင်လ (၁၁) ရက်
(၁၁-၇-၂၀၁၉) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ထောင့်တကာရွာ၊ ကြခတ်ကွင်း ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဟင်္သာတမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး၀န်ထမ်းများ၊ အနုပညာရှင်တချို့ပါ၀င်ပြီး သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိဆေးခပ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။