ဟင်္သာတမြို့နယ်၊ တောင်လုံးစုကျေးရွာတွင် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ ဆောင်ရွက်

ဟင်္သာတ၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်

     ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တောင်လုံးစုကျေးရွာတွင် (၁၉-၈-၂၀၁၉) ရက်နေ့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသန္တာကြည်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ နို့တိုက်မိခင်နှင့် ကိုယ်၀န်ဆောင်မိခင်(၂၅၄)ဦး၊ ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အဖွဲ့၀င်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး အာဟာရအုပ်စု (၃)အုပ်စုပါ၀င်သော အစားအစာများချက်ပြုတ် သရုပ်ပြပွဲပြုလုပ်ခြင်း၊ အာဟာရလက်ဆောင်များ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

More Tags