ဟိုပုံးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဟိုပုံးမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်

     ဩဂုတ်လ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စခန်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ မြို့ဦးကွက်သစ် နယ်မြေ(၁-က)၊ အနောက်ရပ်ကွက်၊ အ.ထ.က(၁)၊ အ.မ.က(၃) မူလွန်ကျောင်းများသို့ သွားရောက်ပြီး Outbreak Respond Team အဖွဲ့ဖြင့် H1N1 သံသယလူနာ နေအိမ်များရှိ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်တွင် Fever Surveillance ဆောင်ရွက်ခြင်းနှင့် H1N1 ရောဂါအကြောင်း ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags