ဟိုပုံးမြို့တွင် 2019 Novel Coronavirus (2019-nCoV) အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး ပညာပေးဆောင်ရွက်

ဟိုပုံးမြို့၊၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၂၈)ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့ ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများသည် ဆေးရုံလူနာ စောင့်များအား တရုတ်နိုင်ငံ၊ ဝူဟန်မြို့ မှစတင် ဖြစ်ပွားနေသော Novel Coronavirus (2019-nCoV) အဆုတ်ရောင် ရောဂါအကြောင်းကို အများပြည်သူ အသိပညာရရှိစေရန်အတွက် ကျန်းမာရေး ပညာပေး ဟောပြောမှုကို ပြုလုပ်ခဲ့ ပါသည်။ ဟောပြောရာတွင် အဆိုပါရောဂါ အကြောင်းနှင့် ၎င်းသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းမှတဆင့် ကူးစက်နိုင် ကြောင်း၊ ကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့် ဆောင်ရန်ရှောင်ရန်များကို ကျန်းမာရေး ပညာပေး ဟောပြောခဲ့ ပါသည်။

 

More Tags