ဟားခါးမြို့နယ်၊ တပ်နယ်မူလတန်းလွန်ကျောင်းတွင် ကျန်းမာရေးပညာပေး ဟောပြောပွဲပြုလုပ်

ဟားခါးမြို့ ၊ ဇူလိုင်လ (၃) ရက်

     ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲနှင့် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့၌ ဟားခါးမြို့ တပ်နယ်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဒေါက်တာထန်နှင်းလျန်၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်(ကျောင်းကျန်းမာ) က သန့်(၄)သန့်အကြောင်း၊ လက်ဆေးနည်းနှင့် ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်အီယာန်ချင်း၊ ဆေးဘက်ကျွမ်းကျင်-၂(ဆေးဝါး) က ခွင့်မပြုဆိုးဆေးများအကြောင်း ပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

 
 

 

 

 

More Tags