ဟားခါးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေးနှင့် အသိပညာပေးဆောင်ရွက်မှု အမှတ်စဉ် (၁၂/၂၀၁၉) ကျင်းပ

ဟားခါး၊ ဇူလိုင်လ (၄) ရက်

     ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးရုံးတွင် အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေးနှင့် အသိ ပညာပေးဆောင်ရွက်မှု အမှတ်စဉ် (၁၂/၂၀၁၉) အား ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ ကျန်းမာရေး/ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

 

     ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသ​ရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဖွင့်အမှာစကားမြွက်ကြားရာတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်း မြွက်ကြားပါသည်။

 

     ထို့နောက် ACF Team မှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာမောင်မောင်ဦးက တီဘီရောဂါဆိုင်ရာ သိကောင်းစရာများနှင့် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်အီယာန်ချင်း၊ ဆေးဘက်ကျွမ်းကျင်-၂ (ဆေးဝါး) က အလှကုန်ပစ္စည်းအကြောင်း သိကောင်းစရာများအား ဆွေးနွေးပညာပေး ဟောပြောခဲ့ကြပါသည်။

 

 

More Tags