ဟားခါးမြို့နယ်တွင် State Level Nutrition Promotion Activities နှင့် ဒေသထွက် အစားအစာများဖြင့် မျှတသောအာဟာရ ချက်ပြုတ်သရုပ်ပြ ပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ဟားခါးမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်

     (၂၁-၈-၂၀၁၉) ရက်နေ့တွင် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် Access to health Fund တို့ ပူးပေါင်းကူညီပံ့ပိုးမှုဖြင့် State Level Nutrition Promotion Activities ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆက်လက်၍  ဒေသထွက် အစားအစာများဖြင့် မျှတသောအာဟာရ ချက်ပြုတ်သရုပ်ပြပညာပေးခြင်း၊ အာဟာရဆိုင်ရာ ဆန်းစစ်ခြင်းနှင့် ဆုချီးမြှင့်ခြင်း အစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     ၎င်းလှုပ်ရှားမှုတွင် ဟားခါးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က တက်ရောက်ချီးမြှင့်ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဦးဆောင်သောအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အာဟာရအကြောင်း အသိပညာဆန်းစစ်ခြင်း၊ ပညာပေးခြင်း နှင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း ပြုလုပ်ပါသည်။

More Tags