ဟားခါးမြို့နယ်တွင် Social Behavior Change Communication (SBCC) Strategy Review Workshop ကျင်းပ

ဟားခါး၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၂၄) ရက်

     ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်‌နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် Social Behavior Change Communication (SBCC) Strategy Review Workshop အခမ်းအနားကျင်းပရာ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ကိုယ်စား ဒေါက်တာဇင်ကိုကိုအောင် ဆေးရုံအုပ်ကြီး၊ ဟားခါးပြည်သူ့ဆေးရုံကြီးက အဖွင့်အမှာစကား‌ ပြောကြားပါသည်။

 

     အခမ်းအနားတွင် ချင်းပြည်နယ် မြို့နယ်အသီးသီးမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်သူနာပြု(၁)များ၊ ကျန်းမာရေးမှူး(၁)များ၊ လက်ထောက် ကျန်းမာရေးမှူးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ဌာနခွဲတာဝန်ခံများနှင့် ဖိတ်ကြားထားသည့် INGOs များ တက်ရောက်ပါသည်။

More Tags