ဟားခါးမြို့တွင် ၂၀၁၉ခုနှစ်၊ ပြည်နယ်အဆင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်များနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကျင်းပ

ဟားခါးမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်

     ၂၀၁၉ ခုနှစ်၊ ပြည်နယ်အဆင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်များနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို (၁၉-၈-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက အဖွင့်မိန့်ခွန်း မြွက်ကြားပြီး ဟားခါးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက အမှာစကားပြောကြားပါသည်။

 

     ထို့နောက် ဆုရရှိသည့် စံပြနို့တိုက်မိခင်များအား ဆုချီးမြှင့်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ အား အဏုအာဟာရဆေးထုပ်များ ဝေငှခြင်း၊ ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေ ဆေးလုံးတိုက်ကျွေးခြင်း၊ အာဟာရချို့တဲ့သောကလေးများအား ဖြည့်စွက်အာဟာရထုပ်များ ပေးအပ်ခြင်းနှင့် ပျိုဖော်ဝင်အရွယ် ကျောင်းသူများအား သံဓါတ်ဆေးပြား ဝေငှခြင်းများ ဆောင်ရွက်ပါသည်။

 

     အဆိုပါအခမ်းအနားတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟားခါးဆေးရုံကြီးမှ သူနာပြုဆရာမကြီး/ဆရာမများ၊ ချင်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဝင်များ၊ ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ချင်းပြည်နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် INGO/ NGO များ စုစုပေါင်း(၁၂၅)ဦး တက်ရောက်ပါသည်။

More Tags