ဟားခါးမြို့တွင် သားဖွားသင်တန်းကျောင်း ဆောက်လုပ်မှုအခြေအနေ ကြည့်ရှုစစ်ဆေး

ဟားခါးမြို့၊ မေ(၂၂)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျန်းမာရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးနှင့် အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ (၂၀) ရက်နေ့တွင် ဟားခါးသားဖွားသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် အဆောင်အဦများ ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး၍ လမ်းညွှန်မှုများပေးခြင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တွေ့ဆုံ၍ အဆောက်အဦများ အချိန်မီပြီးစီးရေး၊ သင်တန်းဖွင့်လှစ်နိုင်ရေးနှင့် အဆောက်အဦများ ဆက်လက်တည်ဆောက်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ပါသည်။

More Tags