ဟားခါးမြို့တွင် ပြည်နယ်အဆင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း အစုလိုက်တိုက်ကျွေးခြင်းလုပ်ငန်း Sub-NID အသိပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဟားခါးမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်

     ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့တွင် ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း အစုလိုက်တိုက်ကျွေးခြင်းလုပ်ငန်း Sub-NID အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကားမြွက်ကြားပြီး ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီး ဌာနမှူး ဒေါက်တာအောင်ငွေစံက Sub-NID လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပါသည်။ ထို့ပြင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဖွေးဖွေး အဖွဲ့ခေါင်းဆောင် ဆရာဝန်(ကူးစက်/တိုးချဲ့ကာကွယ်ဆေးဌာနခွဲ)က Polio Sub-NID ဆိုင်ရာများ အကြောင်းအား ရှင်းလင်းတင်ပြပါသည်။

 

     အခမ်းအနားတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟားခါးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်၊ အထူးကုဆရာဝန်များနှင့် သူနာပြုဆရာမကြီး/ဆရာမများ၊ ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် INGO/NGO ကိုယ်စားလှယ်များ တက်ရောက်ပါသည်။

More Tags