ဟားခါးမြို့တွင် ဆေးနှင့်ဆေးပစ္စည်း သိုလှောင်ထိန်းသိမ်းခြင်းသင်တန်း ကျင်းပပြုလုပ်

ဟားခါးမြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်

     ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့တွင် ဆေးနှင့်ဆေးပစ္စည်း သိုလှောင်ထိန်းသိမ်းခြင်းသင်တန်း ကျင်းပရာ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဖွင့်မိန့်ခွန်း မြွက်ကြားခဲ့ပြီး ဟားခါးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က batch No. အရေးကြီးကြောင်း၊ ဆေးသိုလှောင်မှုစနစ်များအား စနစ်တကျ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားပါသည်။

 

     အဆိုပါ သင်တန်းတွင် ချင်းပြည်နယ် မြို့နယ်အသီးသီးမှ ဆေးဘက်ကျွမ်းကျင် (ဆေးစပ်-၃/၄) သင်တန်းသား/သူ (၃၁) ဦး တက်ရောက်ပြီး ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်အီယာန်ချင်း၊ ဆေးဘက်ကျွမ်းကျင်-၂(ဆေးဝါး)နှင့် ဟားခါးပြည်သူ့ဆေးရုံကြီးမှ ဒေါ်သဥ္ဇာလီဝင်း၊ ဆေးဘက်ကျွမ်းကျင်-၂(ဆေးဝါး) တို့မှ သင်တန်းပို့ချပေးပါသည်။ ယင်းသင်တန်းကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်မှ (၂၅) ရက်နေ့အထိ ကျင်းပပါသည်။

More Tags