ဟားခါးမြို့တွင် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

ဟားခါး၊ မတ် (၂၅)ရက်

     ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ကို ချင်းပြည်နယ်တွင် တီဘီရောဂါရှာဖွေနိုင်မှု အနည်းဆုံးဖြစ်သော ကန်ပက်လက်မြို့နယ်တွင် ကျင်းပပြီး အခမ်းအနားတွင် ကန်ပက်လက်မြို့ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာပေါင်ရှန်းလျန်က အဖွင့်အမှာ စကားပြောကြားပါသည်။

 

     အဆိုပါ တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် လှုပ်ရှားမှုအနေ့ ဖြင့် ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့မှ လူနာများအား ဓါတ်မှန်ရိုက်ခြင်း၊ အခမ်းအနား တက်ရောက်သူများ အား အထိမ်းအမှတ် ဦးထုပ်များ ဝေခြင်း၊ mask များ ပေးဝေခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ Projector ဖြင့် တီဘီရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေး ပြသ ပေးခြင်းများ ကိုပြုလုပ်ခဲ့ပါသည်။

More Tags