ဟားခါးမြို့တွင် VBDC Annual Review Meeting(2019) အစည်းအဝေးကျင်းပ

ဟားခါးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၉) ရက်

     VBDC Annual Review Meeting(2019) အစည်းအဝေးကို ချင်းပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် (၁၉-၃-၂၀၂၀) ရက်နေ့၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားဖွင့်ပွဲတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဖွင့်အမှာစကားမြွက်ကြားခဲ့ပြီး မြို့နယ်အသီးသီးမှ ရပကနတာဝန်ရှိသူ များမှ ရောဂါဖြစ်ပွားမှု အခြေအနေများနှင့် ဆေးစိမ်ခြင်ထောင်ရရှိ ဖြန့်ဝေမှု အချက်အလက်များအား Power Point Presentation များဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးကို ချင်းပြည်နယ် မြို့နယ်အသီးသီးမှ TMO များ၊ ရပကနတာဝန်ရှိသူများနှင့် Implementation Partners များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၉-၃-၂၀၂၀) ရက်နေ့မှ (၂၀-၃-၂၀၂၀) ရက်နေ့ထိ ကျင်းပပါသည်။

More Tags