ဟားခါးမြို့တွင် State Level Mid-Level Managers (MLM) Training ကျင်းပပြုလုပ်

ဟားခါးမြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာ (၁၇) ရက်

     State Level Mid-Level Managers (MLM) Training ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းအခမ်းအနားဖွင့်ပွဲတွင် ပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးကိုယ်စား ဟားခါး ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က အမှာစကား ပြောကြားပါသည်။

 

     သင်တန်းကို နေပြည်တော် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနမှ ဒေါက်တာတင်ထွန်းဝင်း Medical Officer နှင့် Unicef အဖွဲ့မှ ဒေါက်တာရဲအောင် Programme Specialist(Health)တို့ လာရောက် သင်တန်းပို့ချပေးပြီး ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဌာနခွဲအလိုက် တာဝန်ခံများ၊ မြို့နယ်အသီးသီးမှ EPI Focal Person များ တက်ရောက်ပြီး သင်တန်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

More Tags