ဟားခါးမြို့တွင် Disability Inclusion Advocacy Workshop ကျင်းပပြုလုပ်

ဟားခါးမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်

     ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့၌ Disability Inclusion Advocacy Workshop ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်ချိုဦးက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် မှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အမှတ်တရဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားကို မြို့နယ်အသီးသီးမှ TMO များ၊ တာဝန်ရှိကျန်းမာရေးဝန်ထမ်းများ၊ INGO/ NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။

More Tags