သုတေသနတွေ့ရှိချက်များကို ဖြန့်ဝေခြင်းအခမ်းအနားကျင်းပ

ဟားခါး၊ အောက်တိုဘာ (၁၅)ရက်

     ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကန်ပက်လက်နှင့် ပလက်ဝမြို့နယ်များ တွင် ၂၀၁၇ခုနှစ်အတွင်းက ဆောင်ရွက်ခဲ့သော မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ သုတေသနမှ တွေ့ရှိချက်များကို ဖြန့်ဝေခြင်းအခမ်းအနားကျင်းပခဲ့ပါသည်။

 

 

     အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက အဖွင့်မိန့်ခွန်းမြွက်ကြားပြီး အခမ်းအနားသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၊ ဟားခါးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ ကန်ပက်လက်မြို့နယ်နှင့် ပလက်ဝမြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် အစိုးရအဖွဲ့မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ တက်ရောက်ပါသည်။

 

 

 

 

 

More Tags