သံတွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပပြုလုပ်

သံတွဲမြို့၊ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်
     ပြည်သူလူထုအတွင်း မသန်စွမ်းသူများရင်ဆိုင်ကြုံ​တွေ့​နေရ​သော အခက်အခဲအတားအဆီးများအား ပိုမိုသိရှိသ​ဘော​ပေါက်နားလည်​စေရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့် ကျန်းမာ​ရေးအတွက် ကူညီပံ့ပိုးမှုများကို အရှိန်အဟုန်မြှင့်တင် ​ဆောင်ရွက်နိုင်ရန်၊ အားလုံးပူး​ပေါင်းပါဝင်​သော လူ့​ဘောင်အဖွဲ့အစည်း ​ပေါ်​ပေါက်လာ​စေရန် ရည်ရွယ်၍ သံတွဲမြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာ​ရေးမှူးအသင်းတို့ ပူး​ပေါင်း​ကာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ​နေ့ အခမ်းအနားကို သံတွဲခရိုင်ပြည်သူ့​ဆေးရုံကြီး အစည်းအ​ဝေးခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်၌ ကျင်းပခဲ့ပါသည်။

 

     အခမ်းအနားတွင် သံတွဲခရိုင်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှူး ​ဒေါက်တာ​ကျော်နိုင်ဝင်းက အဖွင့်အမှာစကား​ပြောကြားပြီး၊ သံတွဲမြို့နယ် လူမှုကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးဌာနမှူးမှ သံတွဲမြို့နယ်အတွင်းရှိ မသန်စွမ်းသူများ၏ လက်ရှိအ​ခြေအ​နေနှင့် ကူညီ​ဆောင်ရွက်​ပေးလျက်ရှိ​သော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ်မိခင်နှင့်က​လေးအသင်း၊ အမျိုးသမီး​ရေးရာအသင်း၊ လူမှုကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်​ခြေနီအသင်း (သံတွဲ)၊ မြန်မာနိုင်ငံကျန်းမာ​ရေးမှူးအသင်းတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား​သော ဧည့်သည်​တော်များ၊ အ​ခြေခံကျန်းမာ​ရေးပညာရှင်ဝန်ထမ်းများ တက်​ရောက်ခဲ့ကြပါသည်။

More Tags