သံတွဲမြို့နယ်တွင် ဟိုတယ်ဝန်ထမ်းများအတွက် လုပ်ငန်းခွင်ကျန်းမာရေး စောင့်ရှောက်မှု အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပ

သံတွဲမြို့၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်

     သံတွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနနှင့် သံတွဲမြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနတို့ ပူးပေါင်း၍ ၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ငပလီကမ်းခြေမြို့၊ ဂေါ့ရပ်ကွက်ရှိ Jasmine Ngapali Resort တွင် ဟိုတယ်ဝန်ထမ်းများအား လုပ်ငန်းခွင်ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပွဲကို ပြုလုပ် ကျင်းပခဲ့ကြပါသည်။ အခမ်းအနားတွင် သံတွဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်နိုင်ဝင်းက ဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် TB၊ HIV၊ Viral Hepatitis စသည့် ကူးစက်ရောဂါများ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါစသည့် မကူးစက်တတ်သောရောဂါများ၊ အစားအသောက် ပြင်ဆင်ချက်ပြုတ်သူများ လိုက်နာရမည့် အချက်များနှင့် စိတ်ချရသော အစားအသောက်များ အကြောင်းနှင့် အရေးပေါ် သူနာပြုစု‌စောင့်ရှောက်ခြင်း တို့ကို ဆွေးနွေးပို့ချခဲ့ပါသည်။

 

More Tags