သံတွဲမြို့နယ်တွင် လူထုကျန်းမာရေးဆေးခန်း(Community Clinic) ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်း ဆောင်ရွက်

သံတွဲမြို့၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်
     သံတွဲမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဌာနနှင့် မြန်မာနိုင်ငံကျန်းမာ​ရေးမှူးအသင်း (MHAA) တို့ ပူး​ပေါင်း၍ သံတွဲမြို့နယ်၊ ပုဇွန်​ဖြေ​ကျေးရွာ၊ အထက်တန်း​ကျောင်းခွဲ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်​နေ့တွင် လူထုကျန်းမာ​ရေး​ဆေးခန်း (Community Clinic) ကွင်းဆင်း​ဆေးကုသခြင်းလုပ်ငန်းများ ​ဆောင်ရွက် ခဲ့ကြသည်။ တက်​ရောက်လာ​သော မိဘပြည်သူများအား သံတွဲခရိုင် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှူး ​ဒေါက်တာ​ကျော်နိုင်ဝင်းက ​သွေးတိုး​ရောဂါ၊ ဆီးချို​ရောဂါ၊ နှလုံး​ရောဂါ စသည့် မကူးစက်တတ်​သော ​ရောဂါများနှင့်ပတ်သက်၍ အသိပညာ​ပေး​ဟော​​ပြောပြီး​နောက် ​သွေး​တိုး​ရောဂါ၊ ဆီးချို​ရောဂါ နှလုံး​ရောဂါနှင့် အခြား​ရောဂါအမျိုးမျိုးခံစား​နေရသူ လူနာ (၇၉)ဦးအား အခမဲ့ ​ဆေးကုသမှု​ပေးခဲ့ကြသည်။

More Tags