သံတွဲမြို့တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်

သံတွဲမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်

     (၂၀.၈.၂၀၁၉) ရက်နေ့တွင် သံတွဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဗဟုသုတများ ပြည့်စုံစေရန်၊ အာဟာရပြည့်ဝမျှတစွာ စားသောက်တတ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာများကို ရွေးချယ်စားသောက်တတ်စေရန် ရည်ရွယ်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သံတွဲခရိုင် ပြည်သူ့ကျန်းမာရေးမှူးဦးဆောင်၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှု၏ တတိယသီတင်းပတ်လှုပ်ရှားမှုဖြစ်သော ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အခမ်းအနားတွင် တက်ရောက်လာသော ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ကျန်းမာရေး အသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ပြင်ဆင်ချက်ပြုတ်မှုအား သရုပ်ပြပြိုင်ပွဲကျင်းပခြင်း၊ စံပြမိခင်ပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ချယ်ပြိုင်ပွဲများ၊ အစားအစာချက်ပြုတ်မှု သရုပ်ပြပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းများကို MHAA နှင့် ACF အဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆုရရှိသော စံပြမိခင်များနှင့် ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် INGOs များ စုစုပေါင်း (၉၄)ဦး တက်ရောက်ခဲ့ပါသည်။

 
 

More Tags