သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဂျာမန်နိုင်ငံအခြေစိုက် မြန်မာစားဖိုးမှူးများအသင်းနှင့် မြန်မာ ဆရာဝန်ကြီးများအဖွဲ့ ပူးပေါင်း၍ အခမဲ့ခွဲစိတ်ကုသမှုများပြုလုပ်

သံတွဲမြို့၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်
     ဂျာမန်နိုင်ငံအ​ခြေစိုက် မြန်မာစားဖိုးမှူးများအသင်းနှင့် မြန်မာဆရာဝန်ကြီးများအဖွဲ့ ပူး​ပေါင်း၍ နှုတ်ခမ်းကွဲ၊ အာ​ခေါင်ကွဲနှင့် မီး​လောင်ဒဏ်ရာရရှိထား​သော လူနာများအား သံတွဲခရိုင်ပြည်သူ့​ဆေးရုံကြီးတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်မှစတင်၍ အခမဲ့ ခွဲစိတ်ကုသမှုများ ပြုလုပ်​​နေပြီ ဖြစ်ပါသည်။ အခမဲ့ခွဲစိတ်ကုသမှုများအား ဂျာမန် မျက်နှာနှင့်​မေးရိုးခွဲစိတ်ကုဆရာဝန်ကြီးများ၊ ဂျာမန်​မေ့​ဆေးအထူးကုဆရာဝန်ကြီးများ၊ ​ဆေးတက္ကသိုလ်(၂)၊ ​မြောက်ဥက္ကလာ​ဆေးရုံကြီး၊ မျက်နှာ၊ မေးရိုးနှင့် ခံတွင်း ပြုပြင်ခွဲစိတ်ကုသ​ရေးဌာနမှ ပါ​မောက္ခ၊ ဌာနမှူး ​ဒေါက်တာ​ကျော်ဇံနိုင်၊ ​ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်ပြည်သူ့​ဆေးရုံကြီး၊ မျက်နှာ၊ ​​မေးရိုးနှင့်ခံတွင်း ပြုပြင်ခွဲစိတ်ကုသဌာန ပါ​မောက္ခ၊ ဌာနမှုး ( ငြိမ်း) Dr. ခင်​မောင်လွင် နှင့် သံတွဲခရိုင်ပြည်သူ့​​ဆေးရုံမှ အထူးကုဆရာဝန်များ ပါဝင်​သော အဖွဲ့မှ ဒီဇင်ဘာလ (၁၄) ရက်​နေ့အထိ ပြုလုပ်​ပေးသွားမည်ဖြစ်ပါသည်။

More Tags