သုံးခွမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲမှ ရေသန့်စက်ရုံ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကုန်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၁) ရက်

     (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလ(၂၁)ရက်  နံနက်(၁၁)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ− ရန်ကုန်မှ လက်ထောက်ညွှန်ကြားရေးမှူး Dr.ဖြိုးမာန်သက်ဦး ဦးဆောင်သောအဖွဲ့သည် သုံးခွမြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍  အမှတ်(၉)ရပ်ကွက်ရှိ Guide သောက်ရေသန့်လုပ်ငန်းအား GMPနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဘူးအဖုံးဆေးကြောခြင်းကို ဘူးဆေးကြောခန်း တွင်သာ ဆောင်ရွက်ရန်နှင့် ပါကင်ခန်းနှင့် ဗူးထွက်ပေါက်အား ပလပ်စတစ်အထူး တပ်ဆင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

More Tags