ဝက်လက်မြို့နယ်အတွင်းရှိ ရွာသာကြီး၊ လှတော၊ မူးကြီးကျေးရွာများတွင် ( COVID-19 ) ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကားဖြင့်လှည့်လည်၍ ကျန်းမာရေးပညာပေးခြင်း နှင့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်

ဝက်လက်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၅) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ရွာသာကြီးကျေးလက်ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေးပညာရှင်များသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၅) ရက်နေ့တွင် ဝက်လက်မြို့နယ်အတွင်းရှိ ရွာသာကြီး၊ လှတော၊ မူးကြီးကျေးရွာများသို့ ကားဖြင့်လှည့်လည်၍ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများအကြောင်း အသိပညာများပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

More Tags