ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုင်တီနယ်စပ်ဝင်ပေါက်တွင် Novel Coronavirus (2019-nCov) ကူးစက်ဝင်ရောက်မှု ကာကွယ်တားဆီးရန်အတွက် စောင့်ကြပ်ကြည့်ရှုခြင်းများ တိုးမြှင့်ဆောင်ရွက်

ဝိုင်းမော်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်

     ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုင်တီနယ်စပ်ဝင်ပေါက်တွင် Novel Coronavirus (2019-nCov) ကူးစက်ဝင်ရောက်မှု ကာကွယ်တားဆီးရန်အတွက် အဖျားရောဂါနှင့် တုပ်ကွေးဆန်သော ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း (Fever Surveillance) များဆက်လက်၍ အရှိန်ဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

 

     ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ နေ့လယ် (၂:၁၅) နာရီခန့်မှစ၍ ချစ်ကြည်ရေးဥမင်ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်သဖြင့် ဝင်ရောက်လာသူတိုင်းကို အဖျားရောဂါနှင့် တုပ်ကွေးဆန်သောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း (Fever Surveillance) ကို ဌာနဆိုင်ရာပေါင်းစုံ ပူးပေါင်းပါဝင်မှုဖြင့် အထူးကြပ်မတ်စစ်ဆေးပေးလျက်ရှိပါသည်။ ထိုသို့စစ်ဆေးမှုများကို နယ်စပ် ဝင်ပေါက်ဖွင့်လှစ်သည့် နံနက် (၆) နာရီ မှ ညနေ (၆) နာရီအထိ နေ့စဉ်ပုံမှန် အထူးဂရုတစိုက် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

More Tags